Showing posts with label PS3. Show all posts
Showing posts with label PS3. Show all posts

Sunday, April 7, 2013

PS3 Orginal ခွေများဝယ်ယူနိုင်

PS3 Model 3000 , 4000 များ ၊ downgrade မချနိုင်သော offical firmware 3.55 အထက်စက်များဟာ jailbreak မရခြင်းကြောင့် Homebrew application များအသုံးပြုနိုင်ခြင်းကြောင့် Hard disc အတွင်း game ခွေ install ပြုလုပ်ပြီးကစားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်အဆိုပါ PS3 စက်တွေအတွက် Orginal game ခွေသစ်များဖြစ်တဲ့ Winning Eleven 2013, Call of duty :Black ops 2, Resident Evil 6 တို့ကို အသုံးပြုနိုင်ပါသည်။ ဝယ်ယူအသုံးပြုလိုသူများအနေဖြင့် PHYO Sony Game (Mobile , Camera , Game) 02-33431 သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

Wednesday, April 3, 2013

PS3 နှင့် XBox 360 အတွက် ဂိမ်းခွေသစ်များထွက်ရှိ

PS3 နှင့် XBox 360 ဂိမ်းစက်များအတွက်ယခုလအတွင်းဂိမ်းခွေအမြောက်အများထွက်ရှိလာခဲ့ပါသည်။ PS3 ခွေအများစုဟာ System 4.3  မှသာကစားနိုင်ပြီး XBox 360 အတွက် dash 15574 မှာသာကစားနိုင်မဲ့ဂိမ်းခွေတွေဖြစ်ပါတယ်။ Army of two : devil cartel , Walking dead : Survival Instinct , Biashock infinite , Sniper Ghost warrior 2 အပြင် ၄င်းခွေအရှေ့မှထွက်ရှိထားတဲ့ အခွေတွေလဲရရှိနိုင်ပါတယ်။ ဝယ်ယူအသုံးပြုလိုပါက PHYO Sony Game (Mobile , Camera , Game) 02-33431 သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

PS3 Downgrade ကိုအာမခံ ဖြင့်ပြုလုပ်ပေး

PS3 System 3.55 အထက်ရောက်သွားသောစက်များအား Downgrade ပြုလုပ်ခြင်းကိုအထူးအာမခံဖြင့် ပြုလုပ်ပေးသွားပါမည်။ အာမခံချက်ကတော့ Downgrade ပြုလုပ်စဉ် brick ဖြစ်သွားသော စက်များကိုအကောင်းတစ်လုံးဖြင့် အစားထိုးပေးမှာပါ။ Downgrade ချရာမှာ PS3 Set Model 3000 နဲ့ 4000 တွေကိုပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ PS3 စက်များကို Downgrade ပြုလုပ်ရခြင်းဟာ Modify ပြုလုပ်ရန်အတွက် System 3.55 လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Downgrade ပြုလုပ်ပြီးနောက် efw 4.31 တင်ပေးထားခြင်းကြောင့် PS3 နောက်ဆုံးထွက်ရှိထားတဲ့ခွေတွေကို လက်ခံအသုံးပြုနိုင်ပါတယ်။အသေးစိတ်သိရှိလိုပါက PHYO Sony Game (Mobile , Camera , Game) 02-33431 သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

PS3 အတွက် God of War Ascension Full Version ထွက်

PS3 အတွက် God of War Ascension ခွေအသစ်ထွက်၇ှိလာပါတယ်။ God of War Ascension ဟာ God of War Series တွေရဲ့ ခုနှစ်ခွေမြောက်ထွက်ရှိလာတာပဲဖြစ်ပါတယ်။ Publisher ဟာ Sony ဖြစ်တဲ့အတွက် PS3 စက်မှာသာ အသုံးပြုနိုင်မှာပါ။ Developer ဟာယခင်ခွေတွေ ထုတ်တဲ့ Santa Monica မှဖြစ်ပါတယ်။ GOW: Ascension ဟာ GOW 3 ရဲ့အဆက်မဟုတ်ပဲ GOW 1 မတိုင်ခင် Kratos ဟာ Ares မှာပညာသင်စဉ် လူဘဝမှစတင်ကစားရမှာဖြစ်ပါတယ်။ God of War Ascension မှာယခင်ခွေတွေနဲ့ မတူပဲထူးခြားသွားတာကတော့ 2 Player ကစားနိုင်မှာဖြစ်ပါတယ်။ System 4.3 မှာသာအသုံးပြုနိုင်ပြီး ဝယ်ယူအသုံးပြုလိုပါက PHYO Sony Game (Mobile , Camera , Game) 02-33431 သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

Tuesday, April 2, 2013

PS3 အတွက် God of War Ascension Demo Version (Single Player) ထွက်ရှိ


ယခုထွက်ရှိတော့ God of War မှာ နောက်ဆုံးထွက်ရှိခဲ့သော GOW 3 ရဲ့အဆက်မဟုတ်ပဲ GOW 1 ဇာတ်လမ်းရဲ့ မတိုင်မီက ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ နတ်ဘုရားများရဲ့တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်မှုကနေပြီး ကမ္ဘာမြေဖြစ်ပေါ်လာပုံ ပင်လယ် ၊ ငရဲ တို့ဖြစ်ပေါ်လာပုံတွေနဲ့အစပျိုးထားတာကိုတွေ့ရပါတယ်။ စတင်ကစားရတဲ့နေရာကတော့ Kratos့ အဖမ်းခံတဲ့နေရာကနေ စဆော့ရတာပါ။ ဇာတ်ကောင်တွေလည်းတော်တော်များများပြောင်းလဲထားတာကိုတွေ့ရှိရပါတယ်။ Graphic တွေလည်းပိုကောင်းလာပြီး Theme တွေလည်းပိုပြီးလှလာပါတယ်။ GOW Ascension Demo ရဲ့ကစားကြာချိန်ကတော့ မိနစ် ၃၀ ဝန်းကျင်ကြာရှိပါတယ်။ ယခုဆော့ကစားရတဲ့ အခန်းက Prison of the Damned ဖြစ်ပါတယ်။ System Version 4.3 ရှိသောစက်များတွင်သာ ထည့်သွင်းကစားနိုင်မှာပါ။ ထည့်သွင်းလိုသများအနေဖြင့် PHYO Sony Game (MDY) နောက်ဆုံးပေါ်ဂိမ်းစက်ရောင်းဝယ်ရေးနှင့်ပြုပြင်ရေး ဖုန်း ၀၂-၃၃၄၃၁ သို့လာရောက်ထည့်သွင်းနိုင်ပါသည်။

Thursday, February 7, 2013

PS3 အတွက် Winning Eleven 13 Update ထွက်ရှိ


PS3 အတွက်အာရှသားများအထူးကြိုက်နှစ်သက်တဲ့ Konami မှ Winning Eleven 13 အတွက် Update ထွက်ရှိလာပါတယ်။ Orginal ခွေတွင် မှားယွင်းနေသော မပြည့်စုံသော data နှင့် flog.logo တွေအားလုံးကို ပြန်လည်ပြင်ဆင်ပေးထားပါတယ်။ Premier league  မှ အသင်းအလံများ၊ ဂျာစီများ ၊အသင်းနံမည်များအားလုံးကို Live  Update  ပြုလုပ်ပေးထားပါသည်။ ဒါ့အပြင်အပြောင်းအရွှေ့ ကာလအတွင်းကစားသမားများရဲ့ အပြောင်းအရွှေ့အားလုံးပါဝင်ပါတယ်။အဆိုပါ  WE .13 ကိုအသုံးပြုလိုပါက PS3 စက်များကိုSystem 4.3 သို့မြင့်တင်ပေးရမှာဖြစ်ပါတယ်။ ယခင် 3.55 စက်များတွင် အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ အသုံးပြုလိုပါက PHYO  SONY GAME (MDY) နောက်ဆုံးပေါ်ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း-02-33431  သို့ဆက်သွယ်နိုင်ပါသည်။

Wednesday, February 6, 2013

PS3 အတွက် game ခွေသစ်များထွက်ရှိ

PS3 အတွက် CFW 4.3 ဖြင့်အသုံးပြုရမည့် game ခွေသစ်များထွက်ရှိလာပါတယ် ။ Farcry 3, Heary fine afghanistan, Sport Change 2 ,Toy Story Mania,  realms of ancient war ,အစရှိတဲ့ ခွေတွေထွက်ရှိလာပါတယ်။ 4.3 အတွက်ထွက်ရှိထားတာဖြစ်တဲ့အတွက် ယခင် 3.55 စက်တွေမှာအသုံးမပြုနိုင်ပါဘူး။  ဒါပေမဲ့ 3.55 မှ 4.3 သို့ Update ပြုလုပ်ခြင်းဖြင့်အသုံးပြုနိုင်ပါတယ်။ 4.3 သို့ တိုက်ရိုက်မတင်နိုင်ပဲ 3.55 မှတဆင့်တင်ပေးရမှာဖြစ်ပါတယ်။ဒါ့ကြောင့် 3.56 အထက်စက်တွေကိုတော့ Update ပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ PS3 game ခွေသစ်များကိုအသုံးပြုလိုပါက PHYO SONY GAME (MDY) နောက်ဆုံးပေါ်ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း- 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

Wednesday, November 21, 2012

PS3 အတွက် Black Ops II ထွက်ရှိ


PS3 စက်တွင်အောင်မြင်မှုအထူးရရှိခဲ့တဲ့ Call of Duty : Black Ops ရဲ့ဒုတိယမြောက်ခွေ ထွက်ရှိလာပါတယ်။ Activision မှ ဖြန့်ချိတဲ့အဆိုပါ First Person Shooter Game ရဲ့အဓိကဆွဲဆောင်မှုတွေဟာ Game ရဲ့ Main Engine အထူးကောင်းမွန်ခြင်း ၊ Single Player Story Mode အပြင် Local , Lan Party Multiplayer Mode နဲ့ Zombie Mode တွေပဲဖြစ်ပါတယ်။ Lan Party Mode ပိုင်းမှာဆိုလျှင် အနောက်နိုင်ငံများတွင် ပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆုဖလားပြိုင်ပွဲများပြုလုပ်ပေးခြင်းထိအောင်မြင်မှုရရှိတာကိုတွေ့ရပါတယ်။ ယခုပြည်တွင်း Game Station များမှာလည်း PS3 Lan Party ဟာအထူး ရေပန်းစားလာပါတယ်။ PS3 Lan Party အတွက်အသစ်ထွက်ရှိတဲ့အခြားခွေထဲမှာ 007 Legends လည်းပါဝင်ပါတယ်။ အသုံးပြုလိုသူများအနေဖြင့် PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 အတွက် Angry Bird Trilogy ထွက်ရှိ


Android နဲ့ iOS မှာအောင်မြင်မှုများစွာရထားတဲ့ Angry Bird ဟာ PS3 အတွက် Angry Bird Trilogy နာမည်နဲ့ထွက်ရှိထားခဲ့ပေမယ့် ယခုတလောမှ PS3 Jailbreak စက်တွေမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ အဆိုပါ Angry Bird Trilogy ကို Activision မှဖြန့်ချိထားတာဖြစ်ပြီး PS3 Version မှာ ခလုတ်နဲ့ရော PS3 Move နဲ့ပါ ကြိုက်နှစ်သက်ရာ ရွေးချယ် ကစားနိုင်မှာပါ။ Angry Bird Classic, Angry Bird Rio, Angry Bird Season ဆိုပြီး အဓိက Main Tab 3 ခုခွဲပေးထားပါတယ်။ Level နဲ့အခန်းသစ်များစွာ တိုးချို့ပေးထားတယ်လို့ဆိုပါတယ်။ ကလေး ၊ လူကြီး ၊ ကျား ၊ မ မရွေး ကစားနိုင်မယ့် ဂိမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Installation ပြုလုပ်လိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 စက်များအတွက် CPU နှင့် GPU error များကို ကြိုတင်ကာကွယ်သင့်

PS3 စက်များအသုံးတွင်ကျယ်လာမှုနှင့် အတူ Major error များထဲမှ အဖြစ်များဆုံး error တစ်ခုဖြစ်တဲ့ CPU နဲ့ GPU error တွေကို ယခု နောက်ပိုင်း ပိုမိုတွေ့မြင်လာရပါတယ်။ CPU Error ကို နောက်တနည်း Overheat အပူလွန်ကဲမှုဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။ CPU error တွေမှာ အများဆုံးကတော့ ချက်ချင်း မဟုတ်ဘဲ တဖြည်းဖြည်းစုပြီးမှ နောက်ပိုင်းပြင်ဆင်ရခက်ခဲတဲ့အဆင့်ထိ ရောက်သွားတတ်ပါတယ်။ Overheat ဖြစ်ရတဲ့အဓိကအကြောင်းကတော့ Cooling System ယိုယွင်းခြင်းကစတာပါ။ ဖုန်ထူတဲ့ဒေသမှ PS3 စက်တွေမှာ ပိုမိုအဖြစ်များတာတွေ တွေ့ရပါတယ်။ အဆိုပါ ဖုန်တွေဟာ Cooling System ကိုယိုယွင်းစေတဲ့အဓိက တရားခံပါပဲ။ ဒါကြောင့် PS3 စက်တွေကို တစ်နှစ် တစ်ကြိမ်လောက် ကျွမ်းကျင်တဲ့ Technician တွေဆီမှာ Cleaning လုပ်ခြင်းအားဖြင့် CPU error အများစုကိုကာကွယ်နိုင်ပါတယ်။ စွမ်းရည်မြင့်ဂိမ်းစက်များဖြစ်တဲ့ PS3 , Xbox 360 တွေကို ပြုပြင်လိုသူများအတွက် PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 အတွက် ဂိမ်းသစ်များစွာ ထွက်ရှိ

PS3 3.55 CFW နဲ့အသုံးပြုနိုင်တဲ့ System 4.00 အထက် ဂိမ်းခွေအမြောက်အများထွက်ရှိလာပါတယ်။ Resident Evil 6 , Resident Evil Operation Raccon City , Dishonored , Tekken Tag 2 , Accessin Creed 3 , Dark Soul : Prepare to Die အပြင် အခြားနာမည်ကြီး ဂိမ်းတွေဖြစ်ပါတယ်။ အဆိုပါ ခွေသစ်များအတွက် Patch တွေကို Lensane , Deplux , Patbat တို့မှ ပြုလုပ်ပေးတာဖြစ်ပါတယ်။ နောက်ထပ်ခွေသစ်များစွာလည်း ဆက်လက်ထွက်ရှိဦးမယ်လို့ ကြားသိရပါတယ်။ PS3 အတွက် Game သစ်များအသုံးပြုလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 အတွက် External HDD များဝယ်ယူနိုင်

PS3 Game အဟောင်း ၊ Game အသစ်ခွေအစုံကို External HDD 320 GB အတွင်း Install ready HDD အဖြစ် ရောင်းချပေးသွားမှာပါ။ Game Size ပေါ်မူတည်ပြီး ဂိမ်းပျမ်းမျှ 35 - 40 ပါဝင်မှာဖြစ်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Max Payne 3 , Ghost Recon : Future of the Soldier , Warrior Orochi 3 အပါအဝင် နာမည်ကြီး Game မျိုးစုံပါဝင်ပါတယ်။ ၁ ခွေချင်း Install လုပ်လျှင် 3000 ကျပ် ကျသင့်မှာဖြစ်ပြီး ခွေ 40 ပါဝင်တဲ့ HDD ကိုဝယ်ယူလျှင် Hard disc လက်ဆောင်ရတဲ့အတိုင်းဖြစ်သွားမှာပါ။ ဒါ့အပြင် Game Installation Time ပါသက်သာသွားမှာဖြစ်ပါတယ်။ ဝယ်ယူအသုံးပြုလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

Tuesday, October 9, 2012

Multi-Function Charger Stand for PS3


PS3 စက်အထူများအတွက် Multi-Function Charger Stand ဈေးကွက်အတွင်းဝင်ရောက်လာပါတယ်။
  1. PS3 Vertical Console Stand
  2. Game Disc Stand
  3. Controller Charge Station အဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 
PS3 Game Console ကို Vertical Position မှာထားခြင်းကြောင့် Cooling System ပိုမိုကောင်းမွန်စေပါတယ်။ Blueray Disc Game ခွေ ၈ ခွေအထိထားနိုင်ပါတယ်။ Controller Charge Station မှာ PS3 ခလုတ် ၂ ခုကို အားသွင်းနိုင်ပါတယ်။ Indicator Light ပါဝင်ပြီး အားပြည့်ရင် အလိုအလျောက်မီးပိတ်ပေးသွားမှာပါ။ ၄င် Multi-Function Charger Stand ကိုဝယ်ယူလိုသူများအနေဖြင့် PHYO Sony Game တွင်လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။

PS3 Firmware Error ဖြေရှင်းနိုင်



PS3 စက်များတွင် Display Output Setting နှင့်ကိုက်ညီမှုမရှိသော ကြိုးဖြင့်ချိတ်ဆက်အသုံးပြုမိပါက Firmware Error ဖြစ်ပေါ်နိုင်ပါတယ်။ Display Output ကြောင့်ဖြစ်ပေါ်လာမဲ့ Firmware Error ကတော့ PS3 Main Menu မှာ Category Bars များပျောက်သွားပြီး မည်သည့်ခလုတ်မှ နှိပ်မရပဲ ဖြစ်နေပါမယ်။ ၄င်း Error ကိုရှောင်ရှားနိုင်ရန် မှန်ကန်တဲ့ ချိတ်ဆက်မှုဖြစ်ရပါမယ်။ PS3 ရဲ့ Display Output ကခေါင်း (၄)မျိုး နဲ့ချိတ်ဆက်ပေးနိုင်ပါတယ်။
  1. AV 
  2. S-Video 
  3. Component 
  4. HDMI တို့ဖြစ်ပါတယ်။ 
Display Output မှာကြေငြာထားတဲ့ Setting နဲ့ကြိုး ၊ TV ကိုက်ညီမှုရှိရပါမယ်။ တတ်ကျွမ်းမှုမရှိပါက ကျွမ်းကျွင်သူများကိုသာတပ်ဆင်ခိုင်းသင့်ပါတယ်။ ၄င်း Firmware Error ဖြေရှင်းလိုပါက PHYO Sony Game ထံသို့လာရောက်ဖြေရှင်းနိုင်ပါသည်။