ယခုနောက်ပိုင်း ဂိမ်း Station အသစ်ဖွင့်လှစ်သူတွေဟာ ဂိမ်းခွေအသုံးပြုခြင်းထက် Server ချိတ်ဆက်ခြင်းကိုပိုမိုအသုံးပြုလာကြပါတယ်။ Server အသုံးပြုခြင်းဟာ လုပ်ငန်းအစပိုင်းမှာ မိမိအတွက် စက်ပြင်စရိတ်နဲ့ အခွေဝယ်ရခြင်းကုန်ကျမှုတွေကို ဖာထေးနိုင်ခြင်းကြောင့် မိမိအတွက် ဝင်ငွေပိုတတ်စေပါတယ်။ ယခုအထူးနှုန်း Server Package မှာ Network ချိတ်ဆက်ပေးခြင်း ၊ ဂိမ်းခွေ 100 ထည့်သွင်းပေးခြင်းအပြင် ဂိမ်းခွေ Installation Software တို့ပါဝင်မှာဖြစ်ခြင်းကြောင့် နောက်ပိုင်းခွေတွေထပ်ထည့်လိုပါက မိမိကိုယ်တိုင်ထည့်သွင်းနိုင်ပါတယ်။ Server ချိတ်ဆက်ပေးမဲ့နှုန်းထားကတော့ 40,000 ကျပ်ဖြစ်ပါတယ်။ Server ပြုလုပ်လိုသူများ PHYO Sony Game ထံသို့လာရောက်ပြုလုပ်နိုင်ကြောင်းအသိပေးအပ်ပါသည်။
Showing posts with label PS2. Show all posts
Showing posts with label PS2. Show all posts
Wednesday, October 17, 2012
Monday, October 15, 2012
ISS 13 Version 1 ထွက်ရှိ
ဘောလုံးဂိမ်းဈေးကွက်အတွင်းသို့ PS2 အတွက် ISS 13 Version 1 အမည်ဖြင့်ထွက်ရှိလာပါပြီ။ ထို ISS 13 V1 သည် ယခုနှစ်အတွင်း အသင်းများ၏ ကစားကွက် ၊ ဘောလုံးသမားများ ၊ ဘောလုံးသမားများ၏ ကျောနံပါတ်များ ၊ အသင်းရဲ့ တံဆိပ် တွေကိုအသစ်များပြန်လည်ပြင်ဆင်ရေးသားထားပါတယ်။ အတန်းတတ် ၊ အတန်းဆင်း များဖြစ်သော Southampton , Reading , West Ham United တို့ကိုလည်း အသစ်ထည့်သွင်းထားခြင်း ၊ Jarsey တွေကလည်းအသစ်တွေဖြစ်ခြင်းကြောင့် ဆော့ကစားရာမှာလူစုံတတ်စုံ ၊ Jarsey အစုံဖြင့် စုံစုံလင်လင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
ISS 13 Version 1 ကိုဝယ်ယူအားပေးလိုတယ်ဆိုရင်တော့ >>>
မန္တလေး - PHYO Sony Game (02-33431)
ရန်ကုန် - New Sony (09-5161707) , စန်းဦး TV Game (09-5050904) , Nintendo (01-299988)
နေပြည်တော် - 9 Street TV Game (067-22957)
တို့တွင် ဝယ်ယူအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Friday, October 12, 2012
PS2 Lens များဂရုစိုက်ပြီး လဲလှယ်သုံးစွဲသင့်
PS2 Lens များဝယ်ယူရာတွင် ဈေးနှုန်းထက်ပစ္စည်း အရည်းအသွေး ကြည့်ပြီးဝယ်ယူသင့်ပါတယ်။ Original Lens အသုံးပြုသော်လည်း လဲလှယ်ပြီး (၁) ရက် (၂) ရက် အတွင်းပြန်လည်ပျက်စီးသွားခြင်းမျိုးကြုံတွေ့ရပါသည်။ Lens ချက်ချင်းပျက်စီးခြင်း (သို့) သက်တမ်းစေ့မသုံးနိုင်ခြင်း အဓိကအချက်(၃) ချက်ရှိပါတယ်။
- Game ခွေများ
- Lens Cable , Motor Cable , Motor
- Motherboard
ပထမ (၁၅) ရက် အတွင်းမှန်ဘီလူးလဲထားသောစက်များ ၊ ပြုပြင်ထားသော စက်များကို အစင်းကင်းလွတ်သော ဘောလုံးခွေကိုသာ အသုံးပြုသင့်သည်။ Loading ကို ၂-မိနစ်ထက် ပိုမစောင့်ရပါ။ ပုံမှန် Loading မှာ ၂ မိနစ် (သို့) မိနစ်ဝက်သာရှိပါသည်။ Loading ၂ မိနစ် ထက်ကျော်လွန်ပါက စက်ကိုပါဝါပိတ်ပြီး ခွေပြောင်းစမ်းကြည့်ပါ။ ခွေဖွင့်၍ မရပါက ကျွမ်းကျင်သူထံပြ၍ စစ်ဆေးပါ။
ယခုနောက်ဆုံးအချက်မှာ အလွန်အရေးကြီးပါသည်။ လူများစု၏ စိတ်တွင် မှန်ဘီလူးလဲပြီးပါက (သို့) ပြုပြင်ပြီးပါက ယခင် မဖတ်တော့သည့်ခွေများ ၊ အစင်းများသည့်ခွေများ ပြန်လည်အသုံးပြုနိုင်မည်ဟူသော အတွေးရှိကြပါသည်။ အမှန်မှာ မှန်ဘီလူးလဲပြီးသော်လည်း ခွေကောင်း (သို့) အစင်းကင်းလွတ်သော ခွေများသာလျှင် မှန်ဘီလူးကို မထိခိုက်နိုင်ပါ။ အကယ်၍ အစင်းများသော ခွေများကို အသုံးပြုမိပါက အခန့်မသင့်လျှင် မှန်ဘီလူးချက်ချင်း ပျက်စီးနိုင်ပါသည်။ ထို့ကြောင့် မှန်ဘီလူး သက်တမ်းရှည်ရန်အတွက် အစင်းလွတ်သောခွေများ ၊ Loading ကြီးသောခွေများကို ရှောင်ရှားအသုံးပြုရပါမည်။
အရည်အသွေးမြင့် Lens များဝယ်ယူလိုပါက PHYO Sony Game ထံသို့လာရောက်အားပေးဝယ်ယူနိုင်ပါသည်။
Tuesday, October 9, 2012
PS2 Network Adaptor
PS2 Model 30000 150000 Series တွေကို Hard Disk နဲ့ချိတ်ဆက်အသုံးပြုနိုင်မဲ့ Network Adaptor ဈေးကွက်အတွင်းပြန်လည်ဝင်ရောက်လာပါတယ်။ ဈေးကွက်အတွင်း ၂ မျိုးဝင်ရောက်လာပြီး ပထမ တစ်မျိုးက Original Network IC နဲ့တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ Clone IC နဲ့တပ်ဆင်ထားတာဖြစ်ပါတယ်။ IDE Hard Disk အတွင်းသို့ Software အသုံးပြု၍ Computer ဖြင့် Game ခွေများကိုထည့်သွင်းရမှာပါ။ ၄င်း Hard Disk ကို Network Adaptor ကြားခံပြီး PS2 Set နဲ့ချိတ်ဆက်ကစားရမှာဖြစ်ပါတယ်။ ဝယ်ယူလိုသူများ PHYO Sony Game သို့လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
Subscribe to:
Posts (Atom)


