Tuesday, April 2, 2013

PS3 အတွက် God of War Ascension Demo Version (Single Player) ထွက်ရှိ


ယခုထွက်ရှိတော့ God of War မှာ နောက်ဆုံးထွက်ရှိခဲ့သော GOW 3 ရဲ့အဆက်မဟုတ်ပဲ GOW 1 ဇာတ်လမ်းရဲ့ မတိုင်မီက ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ နတ်ဘုရားများရဲ့တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်မှုကနေပြီး ကမ္ဘာမြေဖြစ်ပေါ်လာပုံ ပင်လယ် ၊ ငရဲ တို့ဖြစ်ပေါ်လာပုံတွေနဲ့အစပျိုးထားတာကိုတွေ့ရပါတယ်။ စတင်ကစားရတဲ့နေရာကတော့ Kratos့ အဖမ်းခံတဲ့နေရာကနေ စဆော့ရတာပါ။ ဇာတ်ကောင်တွေလည်းတော်တော်များများပြောင်းလဲထားတာကိုတွေ့ရှိရပါတယ်။ Graphic တွေလည်းပိုကောင်းလာပြီး Theme တွေလည်းပိုပြီးလှလာပါတယ်။ GOW Ascension Demo ရဲ့ကစားကြာချိန်ကတော့ မိနစ် ၃၀ ဝန်းကျင်ကြာရှိပါတယ်။ ယခုဆော့ကစားရတဲ့ အခန်းက Prison of the Damned ဖြစ်ပါတယ်။ System Version 4.3 ရှိသောစက်များတွင်သာ ထည့်သွင်းကစားနိုင်မှာပါ။ ထည့်သွင်းလိုသများအနေဖြင့် PHYO Sony Game (MDY) နောက်ဆုံးပေါ်ဂိမ်းစက်ရောင်းဝယ်ရေးနှင့်ပြုပြင်ရေး ဖုန်း ၀၂-၃၃၄၃၁ သို့လာရောက်ထည့်သွင်းနိုင်ပါသည်။

No comments:

Post a Comment