PS3 စက်များအသုံးတွင်ကျယ်လာမှုနှင့် အတူ Major error များထဲမှ အဖြစ်များဆုံး error တစ်ခုဖြစ်တဲ့ CPU နဲ့ GPU error တွေကို ယခု နောက်ပိုင်း ပိုမိုတွေ့မြင်လာရပါတယ်။ CPU Error ကို နောက်တနည်း Overheat အပူလွန်ကဲမှုဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။ CPU error တွေမှာ အများဆုံးကတော့ ချက်ချင်း မဟုတ်ဘဲ တဖြည်းဖြည်းစုပြီးမှ နောက်ပိုင်းပြင်ဆင်ရခက်ခဲတဲ့အဆင့်ထိ ရောက်သွားတတ်ပါတယ်။ Overheat ဖြစ်ရတဲ့အဓိကအကြောင်းကတော့ Cooling System ယိုယွင်းခြင်းကစတာပါ။ ဖုန်ထူတဲ့ဒေသမှ PS3 စက်တွေမှာ ပိုမိုအဖြစ်များတာတွေ တွေ့ရပါတယ်။ အဆိုပါ ဖုန်တွေဟာ Cooling System ကိုယိုယွင်းစေတဲ့အဓိက တရားခံပါပဲ။ ဒါကြောင့် PS3 စက်တွေကို တစ်နှစ် တစ်ကြိမ်လောက် ကျွမ်းကျင်တဲ့ Technician တွေဆီမှာ Cleaning လုပ်ခြင်းအားဖြင့် CPU error အများစုကိုကာကွယ်နိုင်ပါတယ်။ စွမ်းရည်မြင့်ဂိမ်းစက်များဖြစ်တဲ့ PS3 , Xbox 360 တွေကို ပြုပြင်လိုသူများအတွက် PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။
No comments:
Post a Comment