Wednesday, November 21, 2012

PS3 အတွက် Black Ops II ထွက်ရှိ


PS3 စက်တွင်အောင်မြင်မှုအထူးရရှိခဲ့တဲ့ Call of Duty : Black Ops ရဲ့ဒုတိယမြောက်ခွေ ထွက်ရှိလာပါတယ်။ Activision မှ ဖြန့်ချိတဲ့အဆိုပါ First Person Shooter Game ရဲ့အဓိကဆွဲဆောင်မှုတွေဟာ Game ရဲ့ Main Engine အထူးကောင်းမွန်ခြင်း ၊ Single Player Story Mode အပြင် Local , Lan Party Multiplayer Mode နဲ့ Zombie Mode တွေပဲဖြစ်ပါတယ်။ Lan Party Mode ပိုင်းမှာဆိုလျှင် အနောက်နိုင်ငံများတွင် ပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆုဖလားပြိုင်ပွဲများပြုလုပ်ပေးခြင်းထိအောင်မြင်မှုရရှိတာကိုတွေ့ရပါတယ်။ ယခုပြည်တွင်း Game Station များမှာလည်း PS3 Lan Party ဟာအထူး ရေပန်းစားလာပါတယ်။ PS3 Lan Party အတွက်အသစ်ထွက်ရှိတဲ့အခြားခွေထဲမှာ 007 Legends လည်းပါဝင်ပါတယ်။ အသုံးပြုလိုသူများအနေဖြင့် PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PSP Original Battery Pack & Adaptor


PSP 1000, 2000, 3000 Model တွေအတွက် Original Battery Pack နဲ့ Adaptor ဈေးကွက်အတွင်းဝင်ရောက်လာပါတယ်။ PSP ဓါတ်ခဲတွေဟာ နည်းပညာမြင့်မားမှုကြောင့် China မှ ထုတ်လုပ်တဲ့ Clone Battery တွေဟာအားနည်းချက်များစွာ တွေ့ရပါတယ်။ အားမဝင်ခြင်း ၊ အားပြည့်သော်လည်း ကြာကြာမသုံးနိုင်ခြင်းစတဲ့ အဓိကပြဿနာတွေ ကြုံရပါတယ်။ Original Battery ပိုင်းမှာ အဆိုပါ ပြဿနာတွေမရှိပါဘူး။ ဒါကြောင့် PSP အတွက် Battery ပျက်စီးလိုပဲဖြစ်ဖြစ် ၊ အပိုဆောင်ရန်အတွက်ပဲဖြစ်ဖြစ် Original အသုံးပြုခြင်းသာအကောင်းဆုံးဖြစ်ပါတယ်။ PSP အတွက် Battery နဲ့ Adaptor ဝယ်ယူလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 အတွက် Angry Bird Trilogy ထွက်ရှိ


Android နဲ့ iOS မှာအောင်မြင်မှုများစွာရထားတဲ့ Angry Bird ဟာ PS3 အတွက် Angry Bird Trilogy နာမည်နဲ့ထွက်ရှိထားခဲ့ပေမယ့် ယခုတလောမှ PS3 Jailbreak စက်တွေမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ အဆိုပါ Angry Bird Trilogy ကို Activision မှဖြန့်ချိထားတာဖြစ်ပြီး PS3 Version မှာ ခလုတ်နဲ့ရော PS3 Move နဲ့ပါ ကြိုက်နှစ်သက်ရာ ရွေးချယ် ကစားနိုင်မှာပါ။ Angry Bird Classic, Angry Bird Rio, Angry Bird Season ဆိုပြီး အဓိက Main Tab 3 ခုခွဲပေးထားပါတယ်။ Level နဲ့အခန်းသစ်များစွာ တိုးချို့ပေးထားတယ်လို့ဆိုပါတယ်။ ကလေး ၊ လူကြီး ၊ ကျား ၊ မ မရွေး ကစားနိုင်မယ့် ဂိမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Installation ပြုလုပ်လိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 စက်များအတွက် CPU နှင့် GPU error များကို ကြိုတင်ကာကွယ်သင့်

PS3 စက်များအသုံးတွင်ကျယ်လာမှုနှင့် အတူ Major error များထဲမှ အဖြစ်များဆုံး error တစ်ခုဖြစ်တဲ့ CPU နဲ့ GPU error တွေကို ယခု နောက်ပိုင်း ပိုမိုတွေ့မြင်လာရပါတယ်။ CPU Error ကို နောက်တနည်း Overheat အပူလွန်ကဲမှုဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။ CPU error တွေမှာ အများဆုံးကတော့ ချက်ချင်း မဟုတ်ဘဲ တဖြည်းဖြည်းစုပြီးမှ နောက်ပိုင်းပြင်ဆင်ရခက်ခဲတဲ့အဆင့်ထိ ရောက်သွားတတ်ပါတယ်။ Overheat ဖြစ်ရတဲ့အဓိကအကြောင်းကတော့ Cooling System ယိုယွင်းခြင်းကစတာပါ။ ဖုန်ထူတဲ့ဒေသမှ PS3 စက်တွေမှာ ပိုမိုအဖြစ်များတာတွေ တွေ့ရပါတယ်။ အဆိုပါ ဖုန်တွေဟာ Cooling System ကိုယိုယွင်းစေတဲ့အဓိက တရားခံပါပဲ။ ဒါကြောင့် PS3 စက်တွေကို တစ်နှစ် တစ်ကြိမ်လောက် ကျွမ်းကျင်တဲ့ Technician တွေဆီမှာ Cleaning လုပ်ခြင်းအားဖြင့် CPU error အများစုကိုကာကွယ်နိုင်ပါတယ်။ စွမ်းရည်မြင့်ဂိမ်းစက်များဖြစ်တဲ့ PS3 , Xbox 360 တွေကို ပြုပြင်လိုသူများအတွက် PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

XBox 360 အတွက် Call of Duty : Black Ops II အပြင် အခြားသောဂိမ်းခွေသစ်များစွာထွက်ရှိ


ယခုနှစ်ရဲ့ Greatest Hit ထဲမှ တစ်ခွေဖြစ်တဲ့ Call of Duty : Black Ops II ဟာ XBox 360 အတွက် ထွက်ရှိလာပါတယ်။ First Person Shooter Game အမျိုးအစားဖြစ်ပြီး Activision မှ ဖြန့်ချိထားတာဖြစ်ပါတယ်။ Black Ops II အပြင်အခြားနာမည်ကြီးခွေတွေဖြစ်တဲ့ Assassin Creed 3 , Need For Speed : Most Wannted , 007 Legend, Medal of Honor : War Fighter ခွေသစ်များလည်း ဈေးကွက်အတွင်းဝင်ရောက်လာပါတယ်။ ယခုခွေများဟာ LT 3.0 အတွက် အသုံးပြုနိုင်ရန်ပြုလုပ်ထားခြင်းကြောင့် LT 3.0 စက်တွေမှာအဆင်ပြေစွာအသုံးပြုနိုင်မှာပါ။ Region Free ဖြစ်တဲ့အတွက် စက်တွေမှာ Region ရွေးမှာမဟုတ်ပါဘူး ဝယ်ယူအသုံးပြုလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PSP အတွက် PES 2013 ထွက်ရှိ


PES 2013 ဟာ PS3, XBox 360, PC အတွက် ထွက်ရှိပြီးနောက်ပိုင်း ယခု PSP အတွက်ထွက်ရှိလာပါတယ်။ System Versionn 6.60 လိုအပ်ပြီး PSP Model အစုံများတွင် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ PES 2013 Premier League, Spain Lalega, Bundusliga, Series A အပြင် Brazil Club တွေပါပါဝင်လာတာတွေ့ရပါတယ်။ ကစားသမားများရဲ့ ability, Appearance, Style တွေအားလုံးဟာ Up to Date ဖြစ်သွားပါတယ်။ ဒါပေမယ့် ကစားသမားအပြောင်းအရွှ့ပိုင်းမှာတော့ Premier League မှာ အသင်းတော်တော်များများဟာ မမှနန်ပါဘူး။ PSP အတွက် PES 2013 သွင်းကစားလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 အတွက် ဂိမ်းသစ်များစွာ ထွက်ရှိ

PS3 3.55 CFW နဲ့အသုံးပြုနိုင်တဲ့ System 4.00 အထက် ဂိမ်းခွေအမြောက်အများထွက်ရှိလာပါတယ်။ Resident Evil 6 , Resident Evil Operation Raccon City , Dishonored , Tekken Tag 2 , Accessin Creed 3 , Dark Soul : Prepare to Die အပြင် အခြားနာမည်ကြီး ဂိမ်းတွေဖြစ်ပါတယ်။ အဆိုပါ ခွေသစ်များအတွက် Patch တွေကို Lensane , Deplux , Patbat တို့မှ ပြုလုပ်ပေးတာဖြစ်ပါတယ်။ နောက်ထပ်ခွေသစ်များစွာလည်း ဆက်လက်ထွက်ရှိဦးမယ်လို့ ကြားသိရပါတယ်။ PS3 အတွက် Game သစ်များအသုံးပြုလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PSP အတွက် FIFA 2013


PSP စက်များအတွက် FIFA 2013 ကစားနိုင်ပါပြီ။ League တွေအစုံပါဝင်ထားပြီး ကစားသမားအပြောင်းအရွှေ့တွေပင်ဝင်လာပါတယ်။ Premier League , Spain Lalega , Series A အပြင် ထိုင်း League တွေပါပါဝင်လာတာတွေ့ရပါတယ်။ ဂျာစီတွေကကိုလည်း 2012-2013 ဂျာစီတွေ ဖြစ်တဲ့အတွက် ကစားရတာ ပိုအသက်ဝင်သွားပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ Appearance တွေကကိုလည်း Recent Update ပြုလုပ်ပေးထားပါသေးတယ်။ PSP အတွက် ဂိမ်းခွေအသစ်ထွက်ရှိမှုမရှိချိန်မှာတော့ ဂိမ်းမာ တွေအကြိုက်တွေ့မယ့် Sport ဂိမ်းတစ်ခုဖြစ်ပါတယ်။ FIFA 2013 Install ပြုလုပ်လိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

JXD S6600


JXD မှ ဈေးနှုန်းသင့်ပြီး အသုံးပြုရ လွယ်ကူတဲ့ Tablet Model S6600 ကိုဖြန့်ချိထားပါတယ်။ Screen Size 7" , Front Camera ၁ လုံး ပါဝင်ပြီး Design ကို ပါးလွှာပြီး နှစ်လိုဖွယ်ပုံစံပြုလုပ်ထားပါတယ်။ Android Version 4.0.4 ဖြစ်တဲ့အတွက် အသစ်ထွက်ရှိတဲ့ Game ခွေတွေ Application တွေကို အသုံးပြုနိုင်မှာပါ။ Internal Built in Memory 8 GB ပါဝင်ပြီး Micro SD ကို External Memory အဖြစ် အသုံးပြုနိုင်ပါတယ်။ အဆိုပါ Tablet ကို Firmware ပြန်လည်ရေးသားနိုင်တဲ့အတွက် ဝယ်ယူသူတွေအနေဖြင့် Firmware သေမှာကို ပူစရာလိုတော့ပါဘူး။ လက်လီလက်က္ကား ဝယ်ယူလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်နိုင်ပါသည်။

PS3 အတွက် External HDD များဝယ်ယူနိုင်

PS3 Game အဟောင်း ၊ Game အသစ်ခွေအစုံကို External HDD 320 GB အတွင်း Install ready HDD အဖြစ် ရောင်းချပေးသွားမှာပါ။ Game Size ပေါ်မူတည်ပြီး ဂိမ်းပျမ်းမျှ 35 - 40 ပါဝင်မှာဖြစ်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Max Payne 3 , Ghost Recon : Future of the Soldier , Warrior Orochi 3 အပါအဝင် နာမည်ကြီး Game မျိုးစုံပါဝင်ပါတယ်။ ၁ ခွေချင်း Install လုပ်လျှင် 3000 ကျပ် ကျသင့်မှာဖြစ်ပြီး ခွေ 40 ပါဝင်တဲ့ HDD ကိုဝယ်ယူလျှင် Hard disc လက်ဆောင်ရတဲ့အတိုင်းဖြစ်သွားမှာပါ။ ဒါ့အပြင် Game Installation Time ပါသက်သာသွားမှာဖြစ်ပါတယ်။ ဝယ်ယူအသုံးပြုလိုပါက PHYO Sony Game နောက်ဆုံးပေါ် ဂိမ်းစက်မျိုးစုံရောင်းဝယ်ရေး ဖုန်း 02-33431 သို့ဆက်သွယ်ဝယ်ယူနိုင်ပါသည်။