Wednesday, October 17, 2012
PS2 Server ကိုအထူးဈေးနှုန်းထားဖြင့် ချိတ်ဆက်ပေးမည်
ယခုနောက်ပိုင်း ဂိမ်း Station အသစ်ဖွင့်လှစ်သူတွေဟာ ဂိမ်းခွေအသုံးပြုခြင်းထက် Server ချိတ်ဆက်ခြင်းကိုပိုမိုအသုံးပြုလာကြပါတယ်။ Server အသုံးပြုခြင်းဟာ လုပ်ငန်းအစပိုင်းမှာ မိမိအတွက် စက်ပြင်စရိတ်နဲ့ အခွေဝယ်ရခြင်းကုန်ကျမှုတွေကို ဖာထေးနိုင်ခြင်းကြောင့် မိမိအတွက် ဝင်ငွေပိုတတ်စေပါတယ်။ ယခုအထူးနှုန်း Server Package မှာ Network ချိတ်ဆက်ပေးခြင်း ၊ ဂိမ်းခွေ 100 ထည့်သွင်းပေးခြင်းအပြင် ဂိမ်းခွေ Installation Software တို့ပါဝင်မှာဖြစ်ခြင်းကြောင့် နောက်ပိုင်းခွေတွေထပ်ထည့်လိုပါက မိမိကိုယ်တိုင်ထည့်သွင်းနိုင်ပါတယ်။ Server ချိတ်ဆက်ပေးမဲ့နှုန်းထားကတော့ 40,000 ကျပ်ဖြစ်ပါတယ်။ Server ပြုလုပ်လိုသူများ PHYO Sony Game ထံသို့လာရောက်ပြုလုပ်နိုင်ကြောင်းအသိပေးအပ်ပါသည်။
Monday, October 15, 2012
ISS 13 Version 1 ထွက်ရှိ
ဘောလုံးဂိမ်းဈေးကွက်အတွင်းသို့ PS2 အတွက် ISS 13 Version 1 အမည်ဖြင့်ထွက်ရှိလာပါပြီ။ ထို ISS 13 V1 သည် ယခုနှစ်အတွင်း အသင်းများ၏ ကစားကွက် ၊ ဘောလုံးသမားများ ၊ ဘောလုံးသမားများ၏ ကျောနံပါတ်များ ၊ အသင်းရဲ့ တံဆိပ် တွေကိုအသစ်များပြန်လည်ပြင်ဆင်ရေးသားထားပါတယ်။ အတန်းတတ် ၊ အတန်းဆင်း များဖြစ်သော Southampton , Reading , West Ham United တို့ကိုလည်း အသစ်ထည့်သွင်းထားခြင်း ၊ Jarsey တွေကလည်းအသစ်တွေဖြစ်ခြင်းကြောင့် ဆော့ကစားရာမှာလူစုံတတ်စုံ ၊ Jarsey အစုံဖြင့် စုံစုံလင်လင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
ISS 13 Version 1 ကိုဝယ်ယူအားပေးလိုတယ်ဆိုရင်တော့ >>>
မန္တလေး - PHYO Sony Game (02-33431)
ရန်ကုန် - New Sony (09-5161707) , စန်းဦး TV Game (09-5050904) , Nintendo (01-299988)
နေပြည်တော် - 9 Street TV Game (067-22957)
တို့တွင် ဝယ်ယူအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Friday, October 12, 2012
PS2 Lens များဂရုစိုက်ပြီး လဲလှယ်သုံးစွဲသင့်
PS2 Lens များဝယ်ယူရာတွင် ဈေးနှုန်းထက်ပစ္စည်း အရည်းအသွေး ကြည့်ပြီးဝယ်ယူသင့်ပါတယ်။ Original Lens အသုံးပြုသော်လည်း လဲလှယ်ပြီး (၁) ရက် (၂) ရက် အတွင်းပြန်လည်ပျက်စီးသွားခြင်းမျိုးကြုံတွေ့ရပါသည်။ Lens ချက်ချင်းပျက်စီးခြင်း (သို့) သက်တမ်းစေ့မသုံးနိုင်ခြင်း အဓိကအချက်(၃) ချက်ရှိပါတယ်။
  1. Game ခွေများ
  2. Lens Cable , Motor Cable , Motor
  3. Motherboard
      ပထမ (၁၅) ရက် အတွင်းမှန်ဘီလူးလဲထားသောစက်များ ၊ ပြုပြင်ထားသော စက်များကို အစင်းကင်းလွတ်သော ဘောလုံးခွေကိုသာ အသုံးပြုသင့်သည်။ Loading ကို ၂-မိနစ်ထက် ပိုမစောင့်ရပါ။ ပုံမှန် Loading မှာ ၂ မိနစ် (သို့) မိနစ်ဝက်သာရှိပါသည်။ Loading ၂ မိနစ် ထက်ကျော်လွန်ပါက စက်ကိုပါဝါပိတ်ပြီး ခွေပြောင်းစမ်းကြည့်ပါ။ ခွေဖွင့်၍ မရပါက ကျွမ်းကျင်သူထံပြ၍ စစ်ဆေးပါ။
      ယခုနောက်ဆုံးအချက်မှာ အလွန်အရေးကြီးပါသည်။ လူများစု၏ စိတ်တွင် မှန်ဘီလူးလဲပြီးပါက (သို့) ပြုပြင်ပြီးပါက ယခင် မဖတ်တော့သည့်ခွေများ ၊ အစင်းများသည့်ခွေများ ပြန်လည်အသုံးပြုနိုင်မည်ဟူသော အတွေးရှိကြပါသည်။ အမှန်မှာ မှန်ဘီလူးလဲပြီးသော်လည်း ခွေကောင်း (သို့) အစင်းကင်းလွတ်သော ခွေများသာလျှင် မှန်ဘီလူးကို မထိခိုက်နိုင်ပါ။ အကယ်၍ အစင်းများသော ခွေများကို အသုံးပြုမိပါက အခန့်မသင့်လျှင် မှန်ဘီလူးချက်ချင်း ပျက်စီးနိုင်ပါသည်။ ထို့ကြောင့် မှန်ဘီလူး သက်တမ်းရှည်ရန်အတွက် အစင်းလွတ်သောခွေများ ၊ Loading ကြီးသောခွေများကို ရှောင်ရှားအသုံးပြုရပါမည်။
      အရည်အသွေးမြင့် Lens များဝယ်ယူလိုပါက PHYO Sony Game ထံသို့လာရောက်အားပေးဝယ်ယူနိုင်ပါသည်။
XBox 360 Rechargeable Battery Pack
XBox 360 အသုံးပြုသူများအတွက် Rechargeable Battery Pack ဂိမ်းဈေးကွက်အတွင်းဝင်ရောက်လာပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေက Capacity-1800mAh ဓါတ်ခဲ နဲ့ USB Charging ကြိုးပါ။ Output Voltage ကတော့ DC 2.4V ပါ။ တပ်ဆင်အသုံးပြုရတာ လွယ်ကူသလိုအားပြန်သွင်းဖို့အတွက် XBox ရဲ့ USB Slot (သို့) Computer ရဲ့ USB Slot မှာ ချိတ်ဆက်အားသွင်းနိုင်ပါတယ်။ စတင်အသုံးပြုရန် ၈ နာရီ အထက် အားသွင်းပြီးမှသာ အသုံးပြုသင့်ပါတယ်။ Battery မှာ LED မီးပါဝင်ပြီး မီးလင်းနေတယ်ဆိုရင် အားဝင်နေပါပြီ။ သတ်မှတ်ရောက်းဈေးကတော့ ၁၅၀၀၀ ကျပ်ဖြစ်ပါတယ်။ ဝယ်ယူအသုံးပြုလိုသူများ PHYO Sony Game ထံသို့လာရောက် ဝယ်ယူအားပေးနိုင်ပါသည်။
Playstation Blue Crystal Handset
Playstation ရဲ့ Winning Eleven Series တိုင်းအသုံးပြုနိုင်တဲ့ အရည်အသွေးမြင့် Blue Crystal Handset ဈေးကွက်အတွင်းဝင်ရောက်လာပါတယ်။ ဘောလုံးကစားရာမှာ Dual Shock နဲ့ကစားတာထက် ၄င်းခလုတ်နဲ့ကစားတဲ့အခါ ပိုမိုပေါ့ပါးပါတယ်။ ပြင်ဆင်ရတာလွယ်ကူသလို အကုန်ကျလည်းသက်သာတဲ့အတွက် ဂိမ်းလုပ်ငန်းရှင်များအတွက် အထူးသင့်လျော်တဲ့ခလုတ်ဖြစ်ပါတယ်။ ကြိုးအရှည် ၈ ပေရှိပြီး Start လုံးဝမဝင်ပါဘူး။ ယခင် Japan ဒို ခလုတ်များဝင်ရောက်မှု နည်းပါးတဲ့အတွက် အဆိုပါ Blue Crystal Handset ဖြင့်အစားထိုးအသုံးပြုနိုင်ပါတယ်။ ဝယ်ယူအသုံးပြုလိုသူများအနေဖြင့် PHYO Sony Game သို့လာရောက်အားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 9, 2012
Multi-Function Charger Stand for PS3
PS3 စက်အထူများအတွက် Multi-Function Charger Stand ဈေးကွက်အတွင်းဝင်ရောက်လာပါတယ်။
  1. PS3 Vertical Console Stand
  2. Game Disc Stand
  3. Controller Charge Station အဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 
PS3 Game Console ကို Vertical Position မှာထားခြင်းကြောင့် Cooling System ပိုမိုကောင်းမွန်စေပါတယ်။ Blueray Disc Game ခွေ ၈ ခွေအထိထားနိုင်ပါတယ်။ Controller Charge Station မှာ PS3 ခလုတ် ၂ ခုကို အားသွင်းနိုင်ပါတယ်။ Indicator Light ပါဝင်ပြီး အားပြည့်ရင် အလိုအလျောက်မီးပိတ်ပေးသွားမှာပါ။ ၄င် Multi-Function Charger Stand ကိုဝယ်ယူလိုသူများအနေဖြင့် PHYO Sony Game တွင်လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
PS2 Network Adaptor
PS2 Model 30000 150000 Series တွေကို Hard Disk နဲ့ချိတ်ဆက်အသုံးပြုနိုင်မဲ့ Network Adaptor ဈေးကွက်အတွင်းပြန်လည်ဝင်ရောက်လာပါတယ်။ ဈေးကွက်အတွင်း ၂ မျိုးဝင်ရောက်လာပြီး ပထမ တစ်မျိုးက Original Network IC နဲ့တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ Clone IC နဲ့တပ်ဆင်ထားတာဖြစ်ပါတယ်။ IDE Hard Disk အတွင်းသို့ Software အသုံးပြု၍ Computer ဖြင့် Game ခွေများကိုထည့်သွင်းရမှာပါ။ ၄င်း Hard Disk ကို Network Adaptor ကြားခံပြီး PS2 Set နဲ့ချိတ်ဆက်ကစားရမှာဖြစ်ပါတယ်။ ဝယ်ယူလိုသူများ PHYO Sony Game သို့လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
PS2 to Wii Wireless Convertor
Wii Game စက်တွင် PS2 ခလုတ်နှင့် PS2 ဆက်စပ်ပစ္စည်းတစ်ခုဖြစ်သော Guitar တို့ကိုချိတ်ဆက်အသုံးပြုနိုင်ရန် Wireless Convertor ဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ ယင်း Convertor တွင် အထိုင်တစ်ခုပါဝင်ပြီး ၄င်းအထိုင်အတွင်း Wii ခလုတ်ကို စိုက်ထည့်ထားရမှာဖြစ်ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့ အနီရောင်ခလုတ်ဟာ ပုံမှန်အနေအထားမှာ Guitar ကိုအသုံးပြုနိုင်မှာဖြစ်ပြီး ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင် PS2 ခလုတ်နဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ PS2 Guitar ရှိပြီးသောသူများအတွက်တော့ သီးသန့် Wii Guitar ဝယ်စရာမလိုပဲ ၄င်း Converter ဖြစ်ကစားနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူအသုံးပြုလိုပါက PHYO Sony Game ထံသို့လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။
PS3 Firmware Error ဖြေရှင်းနိုင်
PS3 စက်များတွင် Display Output Setting နှင့်ကိုက်ညီမှုမရှိသော ကြိုးဖြင့်ချိတ်ဆက်အသုံးပြုမိပါက Firmware Error ဖြစ်ပေါ်နိုင်ပါတယ်။ Display Output ကြောင့်ဖြစ်ပေါ်လာမဲ့ Firmware Error ကတော့ PS3 Main Menu မှာ Category Bars များပျောက်သွားပြီး မည်သည့်ခလုတ်မှ နှိပ်မရပဲ ဖြစ်နေပါမယ်။ ၄င်း Error ကိုရှောင်ရှားနိုင်ရန် မှန်ကန်တဲ့ ချိတ်ဆက်မှုဖြစ်ရပါမယ်။ PS3 ရဲ့ Display Output ကခေါင်း (၄)မျိုး နဲ့ချိတ်ဆက်ပေးနိုင်ပါတယ်။
  1. AV 
  2. S-Video 
  3. Component 
  4. HDMI တို့ဖြစ်ပါတယ်။ 
Display Output မှာကြေငြာထားတဲ့ Setting နဲ့ကြိုး ၊ TV ကိုက်ညီမှုရှိရပါမယ်။ တတ်ကျွမ်းမှုမရှိပါက ကျွမ်းကျွင်သူများကိုသာတပ်ဆင်ခိုင်းသင့်ပါတယ်။ ၄င်း Firmware Error ဖြေရှင်းလိုပါက PHYO Sony Game ထံသို့လာရောက်ဖြေရှင်းနိုင်ပါသည်။